You are here

အဖွင့်စာမျက်နှာ

   စက်မှုဝန်ကြီးဌာနကို ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး (၂) ဦး၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်း ထားပါသည်။ စက်မှုဝန်ကြီးဌာနအနေဖြင့် လူစီးနှင့် ကုန်တင်မော်တော်ယာဉ် အမျိုးမျိုး၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးယာဉ်ယန္တရားအမျိုးမျိုး၊ ဒီဇယ်အင်ဂျင်ကြီး များ၊ မော်တော်ယာဉ်အစိတ်အပိုင်းများ၊ တာဘိုင်များ၊ လျှပ်စစ်ဓာတ် အားပေးစက်များ၊ ရေတွင်းတူးစက်များ၊ အဆင့်မြင့်စက်ကိရိယာ (CNC Machine)များ၊ ထရန်စဖော်မာများ၊ နေ ရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ပစ္စည်းများ၊ လယ်ယာသုံး စက်ပစ္စည်းအမျိုးမျိုး၊ တာယာများ၊ ရော်ဘာဆက်စပ် ပစ္စည်းများ ထုတ်လုပ်ခြင်း၊ ခေတ်မီပြီး နည်းပညာ မြင့်မားသော ထုတ်ကုန်များ ထုတ်လုပ်ရန်အတွက် စက်ရုံအသစ်များတည်ထောင်ခြင်း၊ စက်မှုကျွမ်းကျင် လုပ်သား များ ပေါ်ထွက်လာရေးအတွက် လေ့ကျင့်သင်ကြား ပေးမည့်စက်မှုသင်တန်းကျောင်းများတည်ထောင်ခြင်း တို့ကို အဓိကဆောင်ရွက်လျက် ရှိပါသည်။

          ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက်မှစ၍ အမှတ် (၁) စက်မှုဝန်ကြီးဌာနနှင့်အမှတ် (၂) စက်မှု ဝန်ကြီးဌာနတို့ကို စက်မှုဝန်ကြီးဌာနအဖြစ် ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

          စက်မှုဝန်ကြီးဌာန၏ဖွဲ့စည်းပုံအား ဒီမိုကရေစီအစိုးရနှင့်လျော်ညီစွာကျစ်လစ်သိပ်သည်းစွာဖြင့် ဖွဲ့စည်း နိုင်ရေးအတွက် အဆိုပြုဖွဲ့စည်းပုံအရ ၂၀၁၂ ခုနှစ်၊ ဧပြီလ (၄) ရက်နေ့မှစ၍ စက်မှုဝန်ကြီးဌာနအား ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန (၃) ခု၊ လုပ်ငန်းဌာန (၆) ခုနှင့် ဗဟိုဌာန (၂) ခုတို့ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ပြန်လည်ပြင်ဆင်ရေးဆွဲသည့် အဆိုပြုဖွဲ့စည်းပုံတွင် အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုး တက်ရေးဗဟိုဌာနကို ရန်ကုန်တိုင်းဒေသကြီး၊ တက္ကသိုလ်ရိပ်သာ လမ်းသစ်၊  အမှတ် (၃၅-ဘီ/၁၅) တွင် ဖွင့်လှစ် ထားပါသည်။ 

           အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနအား ဌာနကြီး (၃) ခုဖြင့် အောက်ပါ အတိုင်း ဖွဲ့စည်းထားပါသည် -

           (၁)     စက်မှုဇုန်ဖွံ့ဖြိုးရေး/နည်းပညာတိုးတက်ရေးဌာန

           (၂)     ပြည်ပဆိုင်ရာလုပ်ငန်းဌာန

           (၃)     ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဌာန

           အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနအနေဖြင့် SMEs များ၏ database တည်ဆောက်လျက် လိုအပ်သည့် အကူအညီများ၊ သတင်းအချက်အလက်များ ပံ့ပိုး ပေးခြင်း၊ SMEs များ၏ လုပ် ငန်းမှတ်ပုံတင်ခြင်းနှင့် ငွေကြေးရယူလိုခြင်းများအတွက် ကူညီပံ့ပိုး ပေးခြင်း၊ လုပ်ငန်းစတင်တည်ထောင် လိုသူ များအတွက် အကြံဥာဏ်နှင့် သတင်းအချက် အလက်များဖြင့် တိုင်ပင်ဆွေးနွေးညှိနှိုင်းပေးခြင်း၊ အလုပ်ရုံ ဆွေးနွေးပွဲများ၊ သင်တန်းများ ပို့ချခြင်း ကို ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပေးခြင်း၊ ASEAN SMEs Portal နှင့်ချိတ်ဆက်၍ Online Servicing ပေးခြင်း၊ Business Matching များ ပြုလုပ်၍ ပြည် တွင်း၊ ပြည်ပ SMEs များအား ချိတ်ဆက်ပေးခြင်း၊ ပြည်ပဈေးကွက် ရရှိရန်အတွက် Export Consortia Team များ (Cluster) ဖွဲ့စည်းပေးခြင်းများ ဆောင်ရွက်ပေးလျက် ရှိပါသည်။

             ထို့နောက် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန၏ (၁၈.၆.၂၀၁၄)ရက်စွဲပါ စာအမှတ် ၁၅၁၅(၅)၀ထ(၂)(၆/၆)၂၀၁၄(၅၄၈၅)ဖြင့် ထုတ်ပြန်သော အမိန့်ကြော်ငြာစာ အရ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနအား(၁.၄.၂၀၁၄) ရက်နေ့မှစ၍ အသေးစားနှင့်အလတ်စား လုပ်ငန်းများဖွံ့ဖြိုးတိုးတတ်ရေးဗဟိုဌာနကို စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနအောက်သို. သွတ်သွင်း၍ ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ သို့ဖြစ်ရာ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနကိုလည်း ၂၀၁၄ခုနှစ်၊ ဧပြီလမှစပြီး အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးဌာနအဖြစ်ပြောင်းလဲ တိုးချဲ့ခြင်း၊ အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာန၊ ရုံးခွဲ(၅၀)ကို တိုင်းနှင့်ပြည်နယ်၊ ခရိုင်နယ်မြေများမှာ အသစ်ဖွင့်လှစ်ခဲ့ပါတယ်။

2013-2014 © copyright SME , Developed by Naung Yoe I.T Solutions